ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်

ချမ်းမြသာစည်  မေ ၂၇

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ယခုနှစ်ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်းရှိပြီး အဆိုပါကျောင်းများသို့လာရောက် အပ်နှံကြသည့် ကျောင်းသား၊ကျောင်းသူများကိုအခမဲ့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသည့်အပြင် KG တန်းမှ Grade–5 ထိ ကျောင်းသား/သူတစ်ဦးလျှင် ပုံနှိပ်  စာအုပ်တစ်စုံ၊ ဗလာစာအုပ် ၁ ဒါဇင် နှင့် ခဲတံ ၄ ချောင်းစီကိုလည်းကောင်း၊ Grade-6 မှ Geade-11ထိ ကျောင်းသား/သူ တစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် ၁ ဒါဇင်၊ ခဲတံ ၂ ချောင်းနှင့် ဘောပင် ၂ ချောင်းတို့ကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်စိမ်း၀င်း(ပြန်/ဆက်)