ဒဂုံ​မြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအချင်းချင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံတောင် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ဌာနဆိုင်ရာများ အချင်းချင်းလုပ်ငန်းများ ပူးပေါင်းဆောင်နိုင်ရေးအတွက် အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ (၁၄) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းတာဝန်များပြား၍ မအားလပ်ကြသော်လည်း ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသဖြင့် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကျူးကိစ္စများအတွက် ဆက်လက်ဆောင်ရမည့် နည်းလမ်းများ၊ အပတ်စဉ် သန့်ရှင်း​​ရေးဆောင်ရွက်ရာတွင် ဌာနများအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်ကြောင်း မိမိတို့သည် အစိုးရဌာနများဖြစ်၍ ပြည်သူကို message ပေးခြင်းဖြစ်ကြောင်း၊ ငါ့လမ်း၊ ငါ့ရပ်ကွက် သန့်ရှင်းအောင် ဆောင်ရွက်ကြရမည်မှာ ဌာနဆိုင်ရာ အားလုံးရဲ့လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့်  ကာကွယ်​ဆေးထိုးခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်၊ အခြေခံလူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ချက်အတိုင်း ပြီးမြောက်နိုင်ပြီဖြစ်သဖြင့် အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအားလုံးထိုးနှံရေး mobile စနစ်ဖြင့် ရပ်ကွက်များအရောက် ထိုးပေးနေပြီဖြစ်ကြောင်း မိမိတို့မြို့နယ် နေပြည်သူများအားလုံး ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ပူးပေါင်းဆောင်ရွက်ကြရန် ဆက်လက်ပြောကြားခဲ့ပြီး ရာသီကူးပြောင်း ကာလဖြစ်သဖြင့် ကာကွယ်ဆေးထိုး ထားဖို့ပိုလိုအပ်ပါကြောင်း လုံခြုံရေးအထူးဂရုပြု ကြရန် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် အလေးထား ဆောင်ရွက်ပေးကြပါရန် ဝန်ထမ်းသက်သာ ချောင်ချိရေးဆိုရာ၌ ဝန်ထမ်းများ၏ ဝန်ထမ်းဆိုင်ရာ ခံစားခွင့်များဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကိုယုံကြည်ချက်ရှိစေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်   တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား တင်ပြ ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း​​ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

သက်မင်းဟန်(ဒဂုံတောင်)