စဉ့်ကိုင်မြို့နယ်တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံမှုများ ဆောင်ရွက်

စဉ့်ကိုင်  မေ ၂၇

မန္တလေးတိုင်းဒေသသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းအပ်နှံခြင်းသီတင်းပတ်အဖြစ် ယမန်နေ့မှ စတင်ကာသက်ဆိုင်ရာကျောင်းများတွင် ကျောင်းအပ်နှံခြင်းများဆောင်ရွက်ပေးလျက်ရှိရာယနေ့ ယနေ့နံနက် ၈နာရီမှစတင်၍ ကျောင်းအပ်နှံသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်"ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကိုင်မြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၀) ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၆)ကျောင်း၊ မူလတန်းကျောင်း(၈၀)ကျောင်း၊ မူလတန်းလွန်(၂)ကျောင်း၊ စုစုပေါင်း (၁၁၃) ကျောင်းတွင် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများနှင့် မိဘများစိတ်အေးချမ်းသာစွာဖြင့် ကျောင်းများလာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)