လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျေးရွာများအရောက်ကွင်းဆင်းထိုးနှံပေး

လှိုင်းဘွဲ မေ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွမ်ဘီကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများအရောက်ကွင်းဆင်း၍ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကွမ်ဘီကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသော ပြည်သူများအား ပထမအကြိမ်ထိုးနှံပေးခြင်း၊ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် အပိုထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းတို့ကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)