ပျဉ်းမနား မေ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက်(၉) နာရီတွင် ပျဉ်းမနားမြို့နယ် အခြေခံပညာ မူလတန်းလခွန်ကျောင်း၊ ဘောဂဝတီ၌ကျင်းပရာ အခမ်းအနားသို့ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးတင်ဆန်းက ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်းကျော်(မြို့နယ်ပြန်/ဆက်)