ကလိန်အောင် မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဖုံး/သွန်/လဲ/စစ်နှင့်အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်၉နာရီက ကလိန်အောင်မြို့အမှတ်(၃)ရပ်ကွက် အတွင်းရှိနေအိမ်များ၊ ဌာနဆိုက်ရာရုံးများနှင့်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဦးဆောင်၍ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနမှသားဖွား/မီးယပ်ဆရာမ ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးဦးကျော်မျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့မှဥက္ကဋ္ဌ ဒေါ်ခိုင်ခင်ဦးနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအသင်းအဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းဆောင်များ၊ဌာနဆိုင်ရာရုံးများနှင့်နေအိမ်များ၌ ရေသိုလှောင် ကန်များ၊ ရေစည်များနှင့်ဘုရားပန်းအိုးများတွင် ခြင်မှတစ်ဆင့် ပေါက်ပွားလာသည့် ပိုးလောက်လမ်းများမရှိစေရန်အတွက်ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများကို လိုက်လံဆောင်ရွက်ပေးပြီးပြည်သူများသွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ပြီး ခြင်ပေါက်ဖွားနှုန်းက ကျဆင်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)