မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) Covishield ရာနှုန်ပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

မြောက်ဥက္ကလာပ မေ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီစုရပ် ဆေးထိုးစင်တာ၊ ရွှေပေါက်ကံဒေသန္တရဆေးခန်းနှင့် “က”စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသိုကာကွယ်ဆေးထိုးနှံရာတွင် Booster (Covide Shield)ထိုးနှံသူ အသက် (၆၅) နှစ်နှင့်အထက်ထိုးနှံသူ (၁၆၄) ဦး၊ အသက် (၅၅) နှစ်နှင့်အထက် ထိုးနှံသူ (၂၄၆) ဦး၊ အသက် (၄၀)အထက်ထိုးနှံသူ(၈၉)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် ထိုးနှံသူ(၁၂၇)ဦး၊ အစိုးရပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ဒုတိယအကြိမ် CoviShieldထိုးနှံသူ (၄၀)ဦးနှင့်  အသက်(၁၅)နှစ်မှ (၁၈)နှစ်အကြား ပထမအကြိမ် Covid Shield  ထိုးနှံသူ(၉)ဦးတို့အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။ မြောက်ဥက္ကလာပမြို့နယ်အနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး