မြောက်ဥက္ကလာပမြို့နယ်တွင် အစိုးရနိကာယ်စာမေးပွဲ(ဝိဒူတန်း)အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးအခမ်းအနားပြုလုပ်

မြောက်ဥက္ကလာပ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အစိုးရနိကာယ် စာမေးပွဲ(ဝိဒူတန်း) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေး အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဇလွန်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား နမောတသ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြောက်ဥက္ကလာပ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ ဉာဏိန္ဒ မဟာဂန္ဒဝါစကပဏ္ဍိတ ဇလွန်ကျောင်း ဆရာတော်အရှင်သူမြတ်မှ အဖွင့်သြဝါဒကထာ မြွက်ကြားခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ် သံဃာ့နာယကအဖွဲ့(အကျိုးတော်ဆောင်) ဒေါက်တာဘဒ္ဒန္တသုမနဓ ဇယျာသီရိကျောင်း ဆရာတော်အရှင်သူမြတ်မှ အခမ်းအနား ပြုလုပ်ရခြင်းအား  မြွက်ကြားရှင်းလင်းခဲ့ပြီး အစိုးရနိကာယ်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနောက်နေ့လယ် ၂ နာရီခွဲအချိန်တွင် ဇေယျာသီရိကျောင်း ဆရာတော်ဒေါက်တာ ဘဒ္ဒန္တသုမနဓဇယျာသီရိ ဆရာတော်မှ နိဂမနကထာ နိဂုံးချုပ်သြဝါဒက ထာမြွက်ကြားချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋတု (၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လှလှထွေး