လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်

လှိုင်းဘွဲ  မေ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ "ဆောင်ပုဒ်နှင့်အညီကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများက ကြီးကြပ်၍ ဆရာ/ဆရာမများက KG တန်းမှ GRADE–11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေ(၂၆)ရက်မှ ဇွန်()ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇွန်()ရက်မှ စတင်ကာအခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)