ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ဘားအံ မေ ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခက်ခက်လွင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စုမှူးရုံး(ဘားအံ)မှ တပ်ဖွဲ့စုမှူးယာယီရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးကိုစူးစမ်းလိုခြင်း၊ အပေါင်း အသင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့်ဆေးအဖြစ်စသုံးရာမှဆက်လက်သုံးစွဲမိခြင်း၊ ပင်ကိုယ်ဗီဇညံ့ဖျင်းမှုကြောင့်သုံးစွဲခြင်း၊ လူမှု‌ရေးပြဿနာတစ်ခုခုကြောင့်သုံးစွဲရခြင်း၊ မိသားစုအတွင်းဆက်ဆံရေးမပြေလည်မှုကြောင့်သုံးစွဲခြင်း၊ ကျောင်းသားဘဝတွင်စိတ်လေလွင့်၍ အပေါင်းအသင်းများဆွဲဆောင်မှုကြောင့်သုံးစွဲခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လက်ရှိဆောင်ရွက်လျက်ရှိသည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ (၅)ချက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးလုပ်ငန်းများကိုသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)