လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးရမိသောပစ္စည်းများ အားဖျက်ဆီး

လားရှိုး မေ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးရမိသော တရားမဝင်ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းကို လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန ရုံးဝင်းတွင်  ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင်၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးရမိသော ကလေးအဝတ်အထည်ဟောင်းများ၊ ခေါက်ဆွဲခြောက်များနှင့် ဘီယာများအား လမ်းကြိတ်စက်ဖြင့်ကြိတ်ချေ ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ကြသည်။

ယနေ့မီးရှို့ဖျက်ဆီးသော ကလေးအဝတ်အထည်ဟောင်းများ၊ ခေါက်ဆွဲခြောက်များနှင့် ဘီယာများ စုစုပေါင်းခန့်မှန်းတန်ဖိုး (၆၀၈၀၀၀၀၀) ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး