နွားထိုးကြီး မေ ၂၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ တောင်သူများအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှအတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးစရိတ်များထုတ်ချေးပေးရာတွင် ယနေ့အထိ ကျေးရွာ(၆)အုပ်စုမှ တောင်သူ (၃၀၃) ဦးအတွက် မိုးစပါး (၁၀၇)ဧက၊ မြေပဲ (၄၀၉)ဧက၊ နှမ်း (၁၀၈၉)ဧက၊ ပဲဆင်းငုံ (၃၂၇)ဧက၊စု စုပေါင်း(၁၉၃၂)ဧကအတွက် စုစုပေါင်း(၁၉၈၅၅၀၀၀၀)သိန်းကို မြန်မာလယ်ယာဖွံ့ဖြိုးရေး ဘဏ်မှထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ကျန်ရှိသည့်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကိုဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သန်းအောင်ဇော်