သံတောင်ကြီးမြို့နယ် (Community  Centre)ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းအိုမီခရွန်ရောဂါဆိုင်ရာအသိပညာပေးTalk   Show  ပြုလုပ်

သံတောင်ကြီး  မေ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community   Centre ခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူက အိုမီခရွန်ရောဂါဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များပြောကြားပြီး သံတောင်ကြီးမြို့ကျန်းမာရေးဆရာမ ဒေါ်နော်အယ်ဝါးက အိုမီခရွန်ရောဂါဆိုင်ရာသိကောင်းစရာများ၊ အိုမီခရွန်ရောဂါလက္ခဏာများ၊ ဆောင်ရန်ရှောင်ရန်များ စသည်တို့အားဆွေးနွေးခဲ့ကြသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတတိုးပွားစေရေးအတွက်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အွန်လိုင်းမှတဆင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ပေးရှိကြောင်း သိရသည်။

နော်နော်မူ