ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါကြိုတင်ကာကွယ်ရေးကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ရှမ်းရွာသစ် မေ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါနှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံးအိမ်အတွင်း၌သာနေထိုင်ကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာ ဖြင့် စနစ်တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ သန့်ရှင်းလတ်ဆက်သောအစားအသောက်များကို ရွေးချယ်စားသုံးကြရန်၊ အစားအသောက်များကို ကျက်အောင်ချက်ပြုတ်စားသောက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့် တပြေးညီထုတ်ပြန်သောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာကျန်းမာ ရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်အတွက် မိဘပြည်သူများအားလုံး ကိုဗစ်ကာကွယ်ဆေးများကို နီးစပ်ရာကျန်းမာရေးဌာနများတွင် အကြိမ်ပြည့်ထိုးနှံနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် လိုက်နာသင့်သည့်အချက်များကို စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)