လားရှိုး မေ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုမြို့တွင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဌဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။
စုပေါင်းသန့်ရှင်းရေးကို တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ဒေသခံပြည်သူများစုပေါင်း၍ လားရှိုးမြို့ဘူတာလမ်းတလျှောက် လမ်းဘေးဝဲယာခြုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာမြေယာရှုခင်းပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်းကော်မတီ အဖွဲ့(၆)ဖွဲ့တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိနေပြီး အဖွဲ့(၁)အနေဖြင့် လားရှိုးမြို့ဝင်မုဒ်ဦးမှ မြို့တွင်းအဝိုင်းပတ်၊ အဝိုင်းပတ်မှ ကြက်ခြေနီရုံးထောင့်အထိ၊ အဖွဲ့(၂)အနေဖြင့် မြို့တွင်းအဝိုင်းပတ်မှမန်ဆူဘုရားအထိ၊ အဖွဲ့(၃)အနေဖြင့် မန်ဆူဘုရားမှလားရှိုးကြီးလမ်းဆုံအထိ၊ အဖွဲ့(၄)အနေဖြင့် လားရှိုးကြီးလမ်းဆုံမှATတံတားအထိ၊ အဖွဲ့(၅)အနေဖြင့် လားရှိုးကြီးလမ်းဆုံမှနမ္မတူလမ်းဆုံအထိ၊ အဖွဲ့(၆)အနေဖြင့်နမ္မတူလမ်းဆုံမှ မြို့တွင်းအဝိုင်းပတ်အထိ ဆောင်ရွက်နေကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)