ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း စတင်လက်ခံ

ကွမ်းခြံကုန်း မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြိုနယ်တွင် အခြေခံပညာသင်ကျောင်း(၁၂၅)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၆)ကျောင်း စုစုပေါင်း(၁၃၂)ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊  ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ ထောက်ပံ့‌ပေးလျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်နှံ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(IPRD)