ပုလောမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်‌ ကျောင်းအပ်လက်ခံခြင်းများ   စတင်ဆောင်ရွက်

ပုလော  မေ ၂၆

ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် အထက(၁၀) ကျောင်း၊ အထက-ခွဲ(၇)ကျောင်း၊အလက (၈)ကျောင်း၊ အလက-ခွဲ(၁၅)ကျောင်း၊ မူလွန် (၂၃)ကျောင်း၊ အမက(၉၃) ကျောင်း၊ အမက-ခွဲ (၄)ကျောင်း စုစုပေါင်း (၁၆၀)ကျောင်းရှိပြီး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၁၄၆၈၀ဦး တက်ရောက်ပညာသင်ကြားခဲ့ကြောင်း ပညာရေးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အသက် (၅)နှစ်ပြည့်ပြီးသူများကို သူငယ်တန်း၊ အသက်(၆)နှစ်ပြည့် ပြီးသူများကို Grade-1(ပထမတန်း)နှင့် Grade-2(ဒုတိယတန်း)၊ Grade-3(တတိယတန်း)၊ Grade-4 (စတုတ္ထတန်း)၊ Grade-5(ပဉ္စမတန်း)၊ Grade-6(ဆဋ္ဌမတန်း)၊ Grade-7(သတ္တမတန်း)၊Grade-8(အဋ္ဌမတန်း-သစ်)၊ Grade-9(အဋ္ဌမတန်း-ဟောင်း)၊Grade-10(ဒသမတန်း)၊ Grade-11( ဧကာဒသမတန်း)အထိဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)