တံတားမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

တံတား မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ လက်ခံဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို တံတားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အ.မ.က (မူလွန်)ကျောင်း၊ အ.မ.က ကျောင်းများတွင်လည်းကောင်း၊ တံတားမြို့ကျေးရွာ(၁၃)ရွာရှိ အခြေခံပညာကျောင်းများတွင်လည်းကောင်း၊ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာ အတန်းများအလိုက် အတန်းပိုင်ဆရာ၊ ဆရာမများမှ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို အခမဲ့ထုတ်ပေးလျက်ရှိရာ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)