နွားထိုးကြီးမြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

နွားထိုးကြီး မေ ၂၆

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအားလုံး ကျောင်းအပ်လက်ခံလျက်ရှိရာ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိသည်။

ကျောင်းအပ်လက်ခံရာ၌ အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့ အပ်နှံရမည်ဖြစ်ပြီး၊ အသက်(၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade -1 ) သို့အပ်နှံရမည်ဖြစ်သည်။ KG တန်းမှ Grade -11  အထိယနေ့မှစ၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ရာ ကျောင်းအပ်နှံရာတွင်  မည်သည့်အခကြေးငွေမျှ ပေးစရာမလိုဘဲ၊ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံတစ်စုံတို့ကို အခမဲ့ထုတ်ပေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  နွားထိုးကြီးမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်း (၁၆၅)ကျောင်း၌ ကျောင်းအပ်ခက်ခံပြီး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ် ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းအောင်ဇော်