ပင်းတယ မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံရေး စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ပင်းတယမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်ရှိ ဆရာ/ဆရာမများအား သင်ရိုးသစ် မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်သည်။ လာမည့် ဇွန်လ ၂ ရက်နေ့ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်၍ မေလ ၂၆ ရက်မှစ၍ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပင်းတယမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထခွဲ(၇)ကျောင်း၊ အလကကျောင်း (၇)ကျောင်း၊ အလကခွဲ(၁၂)ကျောင်း၊ အမကကျောင်း (၇၄)ကျောင်း၊ အမကခွဲ (၄)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း(၁၂၀) ရှိကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှသိရသည်။
အေးအေးလတ်