တကောင်း မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊တကောင်းမြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က)ကျောင်းတို့တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ “ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့အပြင် သူငယ်တန်း(KG)မှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံ(၁)စုံတို့ကို နိုင်ငံတော်မှ ထောက်ပံ့ ပေးလျက်ရှိသည်။
အဆိုပါကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့ မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သီရိအောင်(တကောင်း)