လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်၊ အခြေခံပညာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

လောင်းလုံး မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်၊ အခြေခံပညာသင်ကျောင်းများ ကျောင်းအပ်နှံရေးစတင်လက်ခံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လောင်းလုံးမြို့နယ်ရှိ သက်ဆိုင်ရာကျောင်းများတွင် စတင်အပ်နှံလက်ခံနေပြီဖြစ်​ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် အ-မ-ကကျောင်း(၂၂)ကျောင်း၊ မူလွန်ကျောင်း(၆)ကျောင်း၊ အ-လ-ကခွဲ (၃)ကျောင်း၊ အ-လ-က (၂) ကျောင်း၊ အ-ထ-ကခွဲ(၃)ကျောင်းနှင့်အ-ထ-ကကျောင်း (၆)ကျောင်း စုစုပေါင်း (၄၂) ကျောင်းတို့အား ကျောင်းအပ်နှံလက်ခံလျက်ရှိသည်။

အဆိုပါကျောင်းများကို မေလ (၂၆) ရက်မှ ဇွန်လ (၁)အထိ ကျောင်းအပ်နှံလက်ခံပြီး ဇွန်လ(၂)ရက်နေ့မှစ၍ ကျောင်းများအားလုံး ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း လောင်းလုံးမြို့နယ်ပညာရေးမှူးရုံးမှ သတင်းရသည်။

သိန်းသိန်း(လောင်းလုံး)