မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ

မြောက်ဥက္ကလာပ  မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ်  ဇွန်လ (၁) ရက်နေ့တွင်  စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့ နံနက် ၉ နာရီမှစတင်၍  သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်လက်ခံ လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် (၅) နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့လည်းကောင်း၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီးမူလတန်း အဆင့်ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ ကို  နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းနှင့် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ်များအခမဲ့ ထောက်ပံပေးခြင်းနှင့် အခကြေးငွေ ကောက်ခံခြင်းများမရှိကြောင်း မြို့နယ် ပညာရေးမှူး​ ဒေါ်မို့မို့ခိုင်ထံမှ သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို  မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ် အဖြစ်သတ်မှတ်ထားပြီး  နံနက် (၉) နာရီမှ  ညနေ (၃) နာရီ အထိလက်ခံသွားမှာဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် အတွင်းအခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း (၆၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၁)၊ ကျောင်းဘုန်းတော်ကြီး ပညာသင် ( ၁ ) ကျောင်း၊ စာသင်ကျောင်း စုစုပေါင်း (၈၄ ) ကျောင်းရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)