ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကျောက်ပန်းတောင်း မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် မေ (၂၆)ရက်နေ့ နံနက်()နာရီမှစတင်၍ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၇)ကျောင်း၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) (၃၇)ကျောင်း၊ အလယ်တန်းကျောင်း(၂၈)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၂၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၅၄)ကျောင်း၊ မူလတန်းကျောင်း (၁၁၉)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)()ကျောင်း စုစုပေါင်း အခြေခံ ပညာကျောင်း(၂၈၂)ကျောင်း ဖွင့် လှစ်သွားမှာဖြစ်ကြောင်းသိရပြီး၊ ကျောင်းအပ်နှံရာတွင် ကျောင်းသူကျောင်းသားများအား ဘာသာရပ် အလိုက် ပုံနှိပ်စာအုပ်များအခမဲ့ရရှိမည့်အပြင် KG တန်းမှအပ ကျန်အတန်းအားလုံးမှ ကျောင်းသား ကျောင်းသူတစ်ဦးစီတိုင်းအတွက် ဗလာစာအုပ်()ဒါဇင်၊ ခဲတံ()ချောင်း၊ ဘောလ်ပင်()ချောင်း အခမဲ့ရရှိ ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်ကပြောပါသည်။ ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာ ကျောင်းအသီးသီးတွင်ယနေ့မှစ၍ နံနက်()နာရီမှ ညနေ()နာရီအတွင်း နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်ဇွန်လကုန်အထိ ကျောင်းအပ်နှံမှုများ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)