ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ youth club နှင့် စာဖတ်ဝိုင်းပြုလုပ်

ပင်းတယ မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် Youth Club လူငယ်အသင်းတို့ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး ရေးသားထားသည့် လူငယ်နဲ့လူမှုရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က  ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊စာရေးဆရာ မောင်မင်းစိုးရေးသားသည့် "လူငယ်နဲ့လူမှုရေး" စာအုပ်ပါ" လူငယ်နှင့် လက်များခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် လူငယ်လမ်းညွှန်ဆောင်းပါးများကို (Youth Club)လူငယ်အဖွဲ့ဝင်များက ထိုစာအုပ်ပါ လူငယ်လမ်းညွှန်ဆောင်းပါးများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိပညာများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ) အနေဖြင့် ကျောင်းသားလူငယ်များနှင့် အများပြည်သူ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးလတ်