ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီရောင်းချနေသော ဆိုင်များအား အဝါရောင်ပေပါပုံးများဖြင့် ဆီသယ်ဆောင်ကြရန် လိုက်လံအသိပေး လိုက်လံစစ်ဆေး

ဒိုက်ဦး မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒိုက်ဦး မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ ဆီလုပ်ငန်းရှင်များအနေဖြင့် ဆိုင်တွင် ရောင်းချမည့်စားသုံးဆီများ သယ်ဆောင်ရာ တွင် အဝါရောင်ပေပါ အသစ် (သို့မဟုတ်) သန့်စင်ပြီး အဝါရောင်ပေပါများနှင့် စားသုံးဆီသီးသန့်သယ်ဆောင်ကြရန် အသိပေးနှိုးဆော် ခဲ့သည်။

ထို့နောက် စားသောက်ကုန်ရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ အသိပညာပေးခြင်း ဟောပြောခြင်း လုပ်ငန်းများကိုလည်းကောင်း၊ စားသုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သည့် အကြောင်းအရာများ တိုင်ကြားနိုင်သည့် Website များကိုလည်းအသီးသီး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့​ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုလည်း ရှင်းပြသွားခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)