ကျောက်ဆည် မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်ဗဟုသုတများပိုမိုကြွယ်ဝလာစေရန်၊ အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်၊ ထူးချွန်ထက်မြတ်သည့်လူငယ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြင်ပစာပေများ ဖတ်ရှု ခြင်းဖြင့် အသိအမြင်အတွေးအခေါ်များပိုမိုရရှိစေရေး၊ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာပြီး၊ အတွေးအခေါ်များ မြင့်မားလာကာ ဗဟုသုတပိုမိုကြွယ်ဝလာစေရေး အကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်