ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကလိန်အောင် မေ ၂၅

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club)လူငယ်အသင်းတို့ ပူးပေါင်း၍ "စာဖတ်ရှိန်မြှင့်တင်ရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က(Youth Club) အသင်းနှင့်(Book Club) စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်များအနေ ဖြင့် ဆွေးနွေးသည့်အခွင့်အလမ်းများရရှိစေရန်၊ အသိပညာဗဟုသုတများမျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများရင်းနှီးမှုရရှိစေရေး စာပေဖတ်ရှုခြင်းဖြင့်အကောင်းဆုံး အမှားအမှန်များ‌ကို‌ဝေဖန်တက်စေရန်၊ စာအုပ်တွေက လူကိုပြုပြင်‌ပေးနိုင်တယ်၊ လိမ္မာစေတယ်၊ ယဉ်ကျေးစေတယ်၊ အသိပညာရရှိစေနိုင်တယ်၊ အတက်ပညာတိုးပွားစေရန်၊ အတွေးအခေါ်ရင့်ကျက်စေရန် လူငယ်များကောင်းသောဘဝရည်မှန်းချက်ပန်းတိုင်ရှိစေရန်၊ လူငယ်များအားလပ်ချိန်တိုင်း စာကောင်းပေမွန်များဖတ်ရှုကြရန် လိုအပ်ကြောင်း‌ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကလိန်အောင်မြို့ စာပေချစ်သူများအသင်းဝင် ဒေါ်နှင်းပွင့်ပွင့်ဝေက "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ (Youth Club)အသင်းဝင် ဦးသီဟအောင်က "စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ" လူငယ်နဲ့ ရည်မှန်းချက်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)