ကွမ်းခြံကုန်းမြို့နယ်တွင် Mask Campaign (အခမဲ့) ဖြန့်ဝေခြင်းနှင့်အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကွမ်းခြံကုန်း မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)များ  စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း Mask Campaign ကို  ယမန်နေ့ နံနက် ၇ နာရီက ဗိုလ်ချုပ်လမ်း၌  ပြုလုပ်ခဲ့သည်။

ထိုသို့ ပြည်သူများ ပါးစပ်/ နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း Mask Campaign ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား ကို​ဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှထွက်ခွာတိုင်း မဖြစ်မနေ ပါးစပ်/ နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား Mask များကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျ တပ်ဆင်စေခြင်းတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ပါးစပ်/ နှာခေါင်းစည်းအား ပြည်သူများထံအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ဆွေနွယ် (IPRD))