လှိုင်းဘွဲ မေ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေးTalk show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေး Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာဝန်ဆောင်မှုများနှင့် အမျိုးသမီးများ ရယူနိုင်မှုဆိုင်ရာ အခွင့်အရေးများ၊ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပြဿနာများ၊ ဖြစ်ပွားနေမှု အခြေအနေ၊ အဖွဲ့အစည်းအတွင်း ကျား/မ တန်းတူညီမျှရေး မူဝါဒများ၊ အကျိုးခံစားခွင့်ရှိသူ များ၊ အကျိုးခံစားခွင့် ရှိသူများအတွက် သတ်မှတ်ချက်များ၊ ရုပ်ပိုင်းဆိုင်ရာ၊ လင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်စေမှု၊ နိုင်ငံတကာဥပဒေများ၊ ပြည်တွင်းဥပဒေများနှင့်ကတိကဝတ်များ၊ လုပ်ငန်း စဉ်များ၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ပိုမိုကာကွယ်နိုင်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)