မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ခွေးရူးရောဂါအန္တရာယ် အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

မန်တုံ မေ ၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးရောဂါအန္တရာယ် အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က မိမိပတ်ဝန်းကျင်တွင် ခွေးရူးအန္တရာယ်ကြုံတွေ့မှုမရှိစေရန်၊ ခွေးရူးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မန်တုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာပြည့်ဖြိုးအောင်က ခွေးများတွင် ခွေးရူးရောဂါဖြစ်နေကြောင်း သိရှိနိုင်သည့်အချက်များ၊ တိရစ္ဆာန်မှတဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့်အချက်များ၊ မိမိ၏အိမ်မွေးတိရစ္ဆာန်များ (ခွေးကြောင်)များကို ခွေးရူးရောဂါမဖြစ်ပွားစေရန် ကာကွယ်ရေးနည်းလမ်းများ၊ ကာကွယ်ဆေးထိုးခြင်းများ၊ ကောင်းမွန်စွာကြည့်ရှုစောင့်ရှောက်ခြင်းများ၊ ခွေးရူးရောဂါကူးစက်ခံရပါက ၁၀၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးနိုင်သော်လည်း အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခွေးရူးရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်းနှင့် ရပ်ကွက်ထဲတွင် (သို့မဟုတ်) မိမိအိမ်ရှိခွေးရူးနေသည်ဟု သံသရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြရန် အစရှိသည်များကို အသိပညာပေးဆွေးနွေးခဲ့သည်။

မန်တုံ(ပြန်/ဆက်)