မူဆယ်မြို့တွင် ကျောင်းမဖွင့်မီ ကျောင်းပတ်ဝန်းကျင် သာယာလှပစိမ်းလန်းစိုပြေရေးအတွက် စုပေါင်းကျောင်းသန့်ရှင်းရေးဆောင်ရွက်

မူဆယ် မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေသန့်ရှင်းသာယာရေးအတွက် စုပေါင်းကျောင်းသန့်ရှင်းရေးကို ယနေ့နံနက် (၈) နာရီအချိန်က အ.ထ.က (၁) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းကျောင်းသန့်ရှင်းရေးဆောင်ရွက်မှုကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး ဦးဆောင်၍ မြို့စီမံရေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများပူးပေါင်းပြီး ကျောင်းဖွင့်ချိန်တွင် ကျောင်းသူ/သားများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ပညာသင်ကြားနိုင်ရေးအတွက် သစ်ပင်ခြုံနွယ်များ ခုတ်ထစ်ရှင်းလင်းခြင်း၊ ကျောင်းခန်းအတွင်းအပြင် အမှိုက်များရှင်းလင်း ခြင်းနှင့် ကျောင်းသား/သူစာသင်ခုံများရှိ ဖုန်နှင့်အညစ်အကြေးများရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)