မြင်းခြံခရိုင် ပြန်/ဆက်ရုံးတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

မြင်းခြံ မေ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မြင်းခြံရိုင်(ပြန်/ဆက်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က "ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ရုံးများကို ငွေထုတ်သူအရာရှိများခန့်အပ်ပြီး ဆောင်ရွက်သည့်အတွက် ငွေစာရင်းလုပ်ငန်းဆောင်ရွက်သည့် ဝန်ထမ်းများအား ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ ပုံစံ-ဌစ(၁၆)မျိုး စာရင်းများရေးသွင်းရာတွင် အမှား အယွင်းမရှိစေရေး၊ ချက်လက်မှတ်များ စနစ်တကျ ထိန်းသိမ်းသုံးစွဲတက်စေရေး၊ စာရင်းစစ်ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရေး၊ ငွေစာရင်းထိန်းသိမ်းခြင်းနည်းလမ်းများနှင့်အညီ မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းကြောင်း" ပြောကြားခဲ့သည်။

အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းတွင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့နယ်များမှ ဦးစီးအရာရှိများနှင့် ငွေစာရင်းဆောင်ရွက်နေသည့် ဝန်ထမ်းများ စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)