မန္တလေး မေ ၂၄
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် လူထု အခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်ချမှတ်ခြင်း၊ စိစစ်ခြင်း၊ အယူခံခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ စီမံကိန်းကိုအတည်ပြုရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုထည့်သွင်းစဉ်းစားခြင်း၊ စောင့်ကြပ်ကြည့်ရှု့ခြင်း၊ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာအရေးယူခြင်း၊ ဆန်းစစ်ခြင်းဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းလုပ်ငန်းအမျိုးအစားများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတွင်(EIA)ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားနှင့် အရွယ်အစားသတ်မှတ်ချက်များအကြောင်း စသည့်အချက်များကို ဆွေးနွေးကြကြောင်း သိရသည်။
မန္တလေး(ပြန်/ဆက်)