ကွမ်းခြံကုန်းမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ လှည့်လည်ရောင်းချ

ကွမ်းခြံကုန်း မေ ၂၄

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိကစားသောက်ကုန်များကို သက်သာသောစျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဆိတ်သားတို့ကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/ မကျီးရပ်ကွက်၊ ရတနာပုဲ(၁)လမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါစျေးရောင်းချရာတွင် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ငွေကျပ် ၁,၀၀၀/- နှုန်းဖြင့် (၅)ပြည်တစ်အိတ်လျှင် ငွေကျပ် (၅,၀၀၀/-)ဖြင့်လည်းကောင်း၊ ပေါ်ဆန်မွှေးတစ်ပြည်လျှင် ငွေကျပ် ၁,၇၀၀/- နှုန်းဖြင့် (၅)ပြည်တစ်အိတ်လျှင်(၈,၅၀၀/-)ဖြင့်လည်းကောင်း၊ ဆီတစ်ဘူးလျှင် ငွေကျပ်(၂,၈၀၀/-)နှင့် ကြက်ဥ(၁၀)လုံးတစ်ကဒ်လျှင်ငွေကျပ် (၁,၈၀၀/-)ဖြင့်လည်းကောင်း၊ အမဲ ၁ ပိသာလျှင် ငွေကျပ်(၁၂,၀၀၀/-)နှင့် ဆိတ် ၁ ပိသာလျှင် ငွေကျပ် (၂၂,၀၀၀/-)စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

(ဆွေနွယ် (IPRD))