တိုက်ကြီး မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများနေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း(Mask Campaign)ကို ယနေ့နံနက် ၇ နာရီက ဈေးရပ်ကွက် မြို့လယ်ဘုရားလေးလမ်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ပြည်သူများ ပါးစပ်/ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ဆောင်ရွက်ရာတွင် ဈေးရပ်ကွက် မြို့လယ်ဘုရားလေးလမ်းတွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှထွက်ခွာတိုင်း မဖြစ်မနေ ပါးစပ်/ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား Mask များကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်စေခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပါးစပ်/ နှာခေါင်းစည်း (Mask) ၂၀၀၀ အား ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (Mask Campaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)