နာနတ်သီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ

ကြာအင်းဆိပ်ကြီး မေ ၂၃

ရာသီထွက်ကုန်အသီးအနှံဖြစ်သည့် နှစ်ရှည်သီးနှံပင် နာနတ်သီးပင်အား တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် နာနတ်သီးထွက်ပေါ်ချိန်တွင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ များ ရရှိပြီးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

အဆိုပါနာနတ်သီးသည် ဧပြီလနှင့်မေလအတွင်း၌ အသီးရင့်မှည့်၍စတင်ခူးဆွတ်ရောင်းချလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌  နာနတ်သီးတစ်လုံးလျှင် ငွေကျပ် (၁၅၀၀) ကျပ်မှ(၂၀၀၀)ကျပ်အထိ ဈေးနှုန်းရရှိပြီး ရောင်းချရရှိ၍ နာနတ်သီးပင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားလျက်ရှိရာမှမိသားစု အပိုဝင်ငွေများရရှိကြောင်း သိရသည်။

၎င်းရာသီစာသီးနှံ နှစ်ရှည်သီးနှံပင် နာနတ်သီးပင်သည် အကြမ်းခံ၍ စိုက်ပျိုးဖြစ်ထွန်းမှု လွယ်ကူပြီး မိမိတို့၏ နှစ်ရှည်ပင်ခြံများနှင့် ဥယျဉ်သီးနှံခြံများ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားခြင်းမှ သီးနှံထွက်ပေါ်ချိန်တွင်ခူးဆွတ်ရောင်းချခြင်းမှ မိသားစုအပိုဝင်ငွေများရရှိနိုင်ကြောင်းသိရသည်။

မျိုးမင်းဦး