ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီဈေးသင့်တင်စွာရောင်းချရသဖြင့် ကြက်သွန်နီစိုက်တောင်သူများအဆင်ပြေ

ကျောက်ဆည် မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဈေးနှုန်းသည် ယခင်ကကြက်သွန်တစ်ပိဿာ(၅၀၀)ကျပ်ဖြင့်သာရောင်းချရပြီး ယခုအခါ တစ်ပိဿာ(၆၅၀)ကျပ်မှ (၇၀၀)ကျပ်အထိရောင်းချရသဖြင့် ကြက်သွန်နီစိုက်ပျိုးသည့်တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်းသိရှိရသည်။

ကြက်သွန်နီတစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည်အသုံးပြုရကြောင်း ကုန်ကျစရိတ်အနေဖြင့်မျိုးစေ့ကုန်ကျစရိတ်(၃၆၀၀၀)ကျပ်၊ မြေပြင်ခအဖြစ် ထွန်၊ ထယ်စရိတ်(၁၅၀၀၀၀)ကျပ်၊ စိုက်ပျိုးစရိတ် (၁၃၀၀၀၀)ကျပ်၊ မြေဆီမြေဩဇာ(၃၅၅၀၀၀)ကျပ်၊ ဖျန်းဆေး (၁၂၀၀၀၀)ကျပ်၊ ကြက်သွန်တူးဖောင်ခ (၁၃၀၀၀၀)ကျပ် ခန့်မှန်းကုန်ကျကြောင်းနှင့်ကြက်သွန်နီစိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိ၍မြေအငှားဖြင့်စိုက်ပျိုးပါက ငွေကျပ် (၁၃၀၀၀၀၀)မှ (၁၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း သင်တောင်းကျေးရွာမှ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးမောင်စိုးကပြောပြ၍ သိရှိရသည်။

ကျောက်ဆည်မြို့နယ် ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင်ကျေးရွာ အုပ်များတွင် (၄၃၃)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာ အုပ်စုများတွင် (၁၀၈၂)ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဓား၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင်(၂၄၅)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကိုန်း၊ တော်တွင်၊ မြေစိုပါယ်ကျေးရွာအုပ်စုများတွင် (၁၃၉)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ ခါးတက်ကုန်း၊ ပုန်ညက်ကျေးကျေးရွာအုပ်စုများတွင်(၇၂)ဧက၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၁၅၁)ဧကစိုက်ပျိုးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)