ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ်မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပွဲတော်ကျင်းပ

ပုလော  မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့မရဲစခန်းကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင် ဗိုလ်မှူးစောနေလှိုင်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်၍ ပျဉ်းကတိုး(၁၀၀)ပင်၊ မိုင်ဆန်ရှားပင် (၃၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ စုစုပေါင်း ပျိုးပင်(၅၀၀)ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)