မဟာအောင်မြေ မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်သင်တန်းကို မြို့နယ်အတွင်းရှိ အထက်တန်းပြဆရာ၊ ဆရာမ(၂၇၁)ဦးတက်ရောက်ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၀)ဦးက သက်ဆိုင်ရာဘာသာရပ်အလိုက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း