ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒဂုံတောင် မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်စေရေးတို့အတွက် ယနေ့ နံနက်(၀၇:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်၍ စုပေါင်း သန့်ရှင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်အတွင်းရှိ အ.လ.က(၁) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ၊အမြင်မတင့်တယ်မှုများ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများရှင်းလင်းခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ထို့သို့ရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သူတို့က ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး  ပြည်သူများပူပြင်း‌ ခြောက်သွေ့သောနွေရာသီကာလတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးအတွက် တံမြက်စည်း လှဲကျင်း၊ စု‌ပေါင်းအမှိုက်ကောက်ခြင်းများ၊ လမ်းနှင့်မလွတ်ကင်းသော ခြုံနွယ်မြတ်ပင်များ ခုတ်ထစ်ရှင်းလင်းခြင်း၊ ရေဆိုးရေမြောင်းများဆယ်ယူခြင်း အစရှိသည့်လုပ်ငန်းများအား စုပေါင်းကာ သန့်ရှင်းရေးအရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)