ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ထားဝယ် မေ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျာင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေး၊ မကြာမီကာလအတွင်းကျောင်းများ ဖွင့်လှစ်မည်ဖြစ်သောကြောင့် ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် မိုးရာသီကာလအတွင်း ခြင်မခိုအောင်းနိုင်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆရာ/မများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျောင်းပတ်ဝန်းကျင်လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထစ် ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား မြက်ဖြတ်စက်ဖြင့် ရှင်းလင်းပေးခြင်း၊ အမှိုက်ကားဖြင့် အမှိုက်များကို သယ်ယူစွန့်ပစ်ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)