လားရှိုး မေ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်း များမှ အမျိုးသမီးသက်မွေးသင်တန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများ၊ အခမဲ့သင်တန်းများ၊ Community Centre မိတ်ဆက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး အကြောင်းအရာများကို ဟောပြောပေးခဲ့သည်။ ထို့နောက် အမျိုးသမီးသက်မွေးသင်တန်း တက်ရောက်နေသော သင်တန်းသူများအား သုတ/ရသစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး