မိုင်းလုံမြို့၌ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းလုံ မေ ၂၁

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  ညနေ () နာရီ အချိန်ခန့်က  မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံလောင်က ယခုစာသင်နှစ် ဖွင့်လှစ်ရန်အတွက် လိုအပ်နေသော ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေး၊ ကျောင်းတွင်း သန့်ရှင်သာယာလှပရေး လုပ်ငန်းများနှင့် အခြားလုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် ဆွေးနွေးချက်၊ အကြုံပြုချက်၊ ထောက်ခံချက်များကို မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီနှင့် ကျောင်းသားမိဘများအားလုံး ပူးပေါင်းပါဝင်၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက မကြာမီအခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ပညာရေးဌာနမှ ကျောင်းဖွင့်ရက်သတ်မှတ်သည့်ရက်တွင် စတင် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များရှိပါကလည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းကော်မတီနာယက ဦးဘိုအေးက ကျောင်းသားကျောင်းသူများ စာသင်ရာတွင် အဆင်ပြေစေရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းအားဖြည့် ဆောင်ရွက်စေလိုကြောင်းနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက (၂၇--၂၀၂၂ရက်နေ့တွင် ဝိုင်းဝန်းဆောင်ရွက်ပေးမည့်ဖြစ်ကြောင်း‌‌ ပြောကြားခဲ့သည်။    

ဇော်ဇော် (ပြန်/ဆက်)