တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့််ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ

တောင်ဥက္ကလာပ  မေ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့  ဆိုင်းဘုတ်စိုက်ထူပွဲကို  ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူနိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ‘ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူပေးခြင်းဖြစ်ပြီး ဆိုင်းဘုတ်စိုက်ထူရာသို့  တောင်ဥက္ကလာပ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များမှ  တက်ရောက်၍ အားပေးကြည့်ရှုခဲ့ကြပြီး တောင်ဥက္ကလာပမြို့နယ်တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိကို ကျောင်းအပ်နှံ‌ရေး သီတင်းပါတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)