မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြောက်ဥက္ကလာပ မေ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီ အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဒေါ်မို့မို့ခိုင်က အဖွင့်အမှာစကားပြောကြားပြီး  စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် အ-ထ-က ကျောင်အုပ်ဆရာ၊ ဆရာမကြီးများက မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ အထက်တန်းကျောင်း()ကျောင်း၊ အထက်တန်းကျောင်းခွဲ()ကျောင်း၊  အလယ်တန်းကျောင်း()ကျောင်း၊ မူလတန်းကျောင်း(၄) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၀) ကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမ စုစုပေါင်း (၆၅)ဦးအား စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်း ကြီးကြပ်အကဲဖြတ်လုပ်ငန်း ဘာသာရပ်များကို  ဆွေးနွေးပို့ချ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)