တိုက်ကြီး မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ ဈေးဆိုင်များတွင် FDA မှ တားမြစ်ထားသော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက တာဝန်ရှိသူများက မြို့မဈေးနှင့် စားသောက်ဆိုင်များတွင် ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးထိန်လင်းအောင်၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော အဖွဲ့က မြို့မဈေးနှင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များတွင် FDA မှ တားမြစ်ထားသော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ခွင့်ပြုထားသော အစားအသောက်များသာ ရောင်းချရန်နှင့် ခွင့်ပြုချက်မရှိသော အစားအသောက်များကို ရောင်းချခြင်းမပြုကြရန် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)