ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ စိန်ပန်းပင်လဲပြိုကျနေမှုအား ရှင်းလင်းဆောင်ရွက်

ကမာရွတ်   မေ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် (၀၆:၃၅) အချိန်ခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် ပြည်လမ်းမကြီးပေါ် (လေ့ကျင့်ရေးအထက်တန်း) ကျောင်းရှေ့ရှိ စိန်ပန်းပင်လဲပြိုနေမှုအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့သည်။

အဆိုပါသစ်ပင်အားအမြန်ဆုံး ရှင်းလင်းနိုင်ရေးအတွက် မြိုနယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယာဉ်ကြောများ ပိတ်ဆို့မှုမရှိစေရန် အမြန်ဆုံးရှင်းလင်ဖယ်ရှား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)