လယ်ဝေး မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ရပ်ကျေးပေါင်းစုံအသက် ၂၅ နှစ်အောက်၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၃)ရပ်ကွက် အသင်းနှင့်အမှတ်(၇) ရပ်ကွက်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာအမှတ် (၇) ရပ်ကွက်အသင်းက အနိုင်ရဗိုလ်စွဲကာ ပထမဆုရရှိသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်သူက ပထမဆုရရှိသည့် အမှတ်(၇)အသင်းအား တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းအောင်က အမှတ်(၇)အသင်းအား ပထမဆုငွေသားနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရအမှတ်(၃)အသင်းအား မြို့နယ်အားကာမှူးမှလည်းကောင်း၊ တတိယဆုရ အမှတ်(၅)(က) အသင်းအား မြို့နယ်ပြန်ဆက်ဦးစီးမှူးမှလည်းကောင်း အသီးသီးချီးမြှင့်သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲအား မေလ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ရပ်ကျေးပေါင်းစုံမှအသင်း (၁၀ )သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်( ပြန်/ဆက်)