မြောက်ဥက္ကလာပမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူ

မြောက်ဥက္ကလာပ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်အား ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

 ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိအောင် မေလ ၂၆ ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲသို့  မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

လှလှထွေး